- ကုန်ပစ္စည်းမိတ်ဆက် - ကလေးနဲ့ အပြင်ထွက်တဲ့အခါ နို့မှုန့်ဘူးကြီး သယ်သွားဖို့ အဆင်မပြေဘူးဆိုတော့ ဒီ milk powder dispenser လေးနဲ့ ခွဲသယ်ဖို့ အကြံပြုပါရစေ။
- သုံးစွဲပုံအညွှန်း - ဒီဘူးလေးထဲမှာ ကိုယ်ဖျော်စပ်နေကျ နို့မှုန့်ပမာဏကို အကန့်လေးတွေနဲ့ ခွဲထည့်လို့ရပါတယ်။ နို့တိုက်ချိန်ရောက်ရင် နို့မှုန့်ကို ရေနွေးထဲလောင်းထည့်ပြီး ဖျော်စပ်ရုံပါပဲ။ တကယ်လို့ ဖြည့်စွက်စာခွက်အနေနဲ့ သုံးချင်ရင်လည်း အထဲက အကန့်လေးတွေကို ဖယ်ထုတ်ပြီး သုံးလို့ရပါတယ်။
- အသိပေးချက်
- ပထမဆုံးအကြိမ် အသုံးမပြုမီနှင့် အသုံးပြုပြီးချိန်တိုင်း သန့်စင်ဆေးကြောပါ။
- ရေနွေးငွေ့ပေါင်းစက်ဖြင့်သော်လည်းကောင်း၊ ရေနွေးပူပူဖြင့် ပြုတ်စိမ်ခြင်းဖြင့်သော်လည်းကောင်း ပိုးသတ်ပေါင်းနိုင်ပါသည်။
- ပေါက်ပြဲခြင်း၊ ပျက်စီးခြင်းတစ်စုံတစ်ရာ ဖြစ်ပါက အသစ်လဲလှယ်တပ်ဆင်ကာ အသုံးပြုပါ။
- ထုတ်လုပ်သည့်နိုင်ငံ - ယူနိုက်တက်ကင်းဒန်