- ကုန်ပစ္စည်းမိတ်ဆက် - ဒီခရီးဆောင်ဇွန်းခရင်းဘူးလေးကတော့ အသက် ၁ နှစ်အထက် ဘေဘီလေးတွေ ခရီးသွားတဲ့အခါ အဆင်ပြေစေဖို့ Philips Avent က ထုတ်လုပ်ထားတာဖြစ်ပြီး ဘူးကလေးနဲ့ သန့်ရှင်းသပ်ရပ်စွာ သယ်သွားနိုင်လို့ ဘေဘီလေးတို့ ကျန်းမာရေးအတွက်လည်း အဆင်ပြေစေပါတယ်။
- သုံးစွဲပုံအညွှန်း - ကိုယ်တိုင်စားသုံးရန် သင်ယူဖို့အတွက် အထူးပြုလုပ်ထားတဲ့ ဒီဇိုင်းလေးပါ။ ဇောက်နက်သော ဇွန်းနဲ့ ခက်ရင်းလေးကြောင့် ဘေဘီလေးတို့ လက်ကိုင်ရာတွင် ချော်ထွက်ခြင်း မရှိစေသည့်အပြင် ပိုးသတ်ပေါင်းစက်နဲ့လည်း ပေါင်းလို့ရပါတယ်။
- အသိပေးချက်
- အသုံးမပြုမီ သေချာဆေးကြောသန့်စင်ပြီး ပိုးသတ်ထားသင့်သည်။ ရေနွေးဆူဆူမှာ ၅ မိနစ်ခန့် စိမ်ထားလျှင် လုံလောက်ပြီး အခြားရေနွေးငွေ့ ပိုးသတ်ပေါင်းစက်များနှင့်လည်း ပိုးသတ်နိုင်သည်။
- သန့်စင်ဆေးကြောတဲ့အခါ ရေဖြင့်သော်လည်းကောင်း၊ အခြားကလေးသုံးဆပ်ပြာရည်တို့ဖြင့်သော်လည်းကောင်း ဆေးကြောရပါမယ်။ - ပိုးသတ်ထားသော ဇွန်းနှင့်ခက်ရင်းကို မကိုင်တွယ်ခင် လက်ကို သေချာစွာ ဆေးကြောပါ။
- ကလေးငယ်တစ်ယောက်တည်း အသုံးမပြုစေဘဲ လူကြီးမိဘများ စောင့်ရှောက်မှုဖြင့် အသုံးပြုစေသင့်ပါတယ်။
- ကစားစရာမဟုတ်တာကြောင့် ကလေးငယ်များ လက်လှမ်းမမီနိုင်သော နေရာတွင် ထားပါ။
- ထုတ်လုပ်သည့်နိုင်ငံ - ယူနိုက်တက်ကင်းဒန်