Country Of Origin - Thailand
Description - 5 အောင်စ၊ ၃၀ အိတ်
လေ၊ အစိုဓာတ်နှင့် အလင်းအတားအဆီးများသည် ဗီတာမင်နှင့် အာဟာရများမဆုံးရှုံးစေဘဲ လုံခြုံစွာရေရှည်သိုလှောင်ရန် ထုပ်လုပ်ထားပါသည်။ နို့ထည့်ပြီး ထောင်ရလွယ်ကူသည်။
ဘက်တီးရီးယားများညစ်ညမ်းမှုကို တားဆီးရန် ရည်ရွယ်၍ ခွာပြီးဖြတ်ရလွယ်ကူသော သွန်လောင်းနိုင်သည့် နေရာပါသည်။
PTE/LDPE သည် ယိုစိမ့်မှုမရှိစေ၍ အပူချိန် -၂၀* Celsius မှ ၁၁၀-* Celsius အတွင်းတာရှည်ခံသည်။
ဇစ်နှစ်ထပ်ပါသည့်အတွက် လုံခြုံမူပိုရှိသည်။
သိုလှောင်မှုအသေးစိတ်များကို မှတ်တမ်းတင်ရန် နေရာပါရှိသည်။
US FDA ၏လမ်းညွှန်ချက်ကို လိုက်နာထားသည်။ အစားအစာအဆင့် ပလတ်စတစ်ပစ္စည်းဖြင့် ပြုလုပ်ထားပြီး ပိုးသန့်စင်ထားတဲ့အတွက် ကျန်းမာရေးနဲ့သန့်ရှင်းမှုအတွက် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်သည်။ ISO လက်မှတ်ရရှိထားသည်။
ဘက်တီးရီးယားမျိုးပွားခြင်းမှ ကာကွယ်ရန် မိခင်နို့ကိုချက်ချင်းရေခဲသေတ္တာထဲ၌ အေးခဲထားပါ။ မိခင်နို့ အဟောင်းနှင့် အသစ် မရောနှောပါနှင့်။ နို့၏အာဟာရတန်ဖိုးကိုထိခိုက်စေနိုင်သောကြောင့် မိုက်ခရိုဝေ့ဖ် သို့မဟုတ် ရေနွေးကိုမသုံးပါနှင့်။ မခဲထားသော နို့ရည်ကို ရေခဲသေတ္တာထဲတွင် ၂၄ နာရီအထိ သိမ်းဆည်းထားနိုင်သည်။ သို့သော် ဒုတိယအကြိမ်ပြန်လည်အေးခဲခြင်းမပြုပါနှင့်။
ထိပ်ကို ဆွဲဖြဲပါ။ အေးခဲနေချိန်အတွင်းချဲ့ထွင်နိုင်စေရန် အိတ်ထဲသို့ မိခင်နို့ ၅အောင်စအထိလောင်းထည့်ပါ။ အိတ်ထဲက လေကိုတတ်နိုင်သမျှထုတ်ပြီး ဇစ်ကိုပိတ်လိုက်ပါ။
ကလေးငယ်၏အမည်၊ ရက်စွဲ၊ အချိန်နှင့် နို့ပမာဏတို့ကို အိတ်တံဆိပ်ပေါ်တွင် ရေးမှတ်ပါ။
မိခင်နို့ကို မခဲသောရေခဲသေတ္တာအပိုင်းတွင် တစ်ညလုံးထားပါ သို့မဟုတ် ခပ်မြန်မြန် အေးစေရန် ရေနွေးနွေးထဲတွင် ထားပါ။ နို့အိပ်ကို ဖွင့်ရန်လောင်းသည့်အမှတ်အသားပြုထားသည့်နေရာကို လှီးဖြတ်ပြီး နို့ရည်ကို ပုလင်းထဲသို့ လောင်းထည့်ပါ။