- မူလစာမျက်နှာ
- ပစ္စည်းအမျိုးအစားများ
- စာအုပ်နှင့် စာရေးကိရိယာများ
- စာပေနှင့် ဂီတပစ္စည်းများ
- မြန်မာ စာအုပ်များ
- ရသစာပေ
- ချွေးသွေးစတေး၍ (စာရေးသူ သော်တာဆွေ)
အီမာဆန်ဟုချ်၏ ကမ္ဘာ့ဂန္ထဝင်မြောက်လက်ရာဝတ္ထုတစ်ပုဒ်ကိုဟာသနှင့်ဘဝသရုပ်ဖော်ဝတ္ထုများအရေးကောင်းသူ၊ ပြန်ဆိုဖန်တီးခဲ့သော ဘာသာပြန်လက်ရာများကလည်း ပြောင်ပြောင်မြောက်မြောက် ရှိလှသူ စာရေးဆရာကြီး သော်တာဆွေကဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ရုပ်ရှင်အဖြစ်လည်းရိုက်ကူးအောင်မြင်ခဲ့သောဝတ္ထုတစ်ပုဒ်လည်းဖြစ်သည်။စတင်ထုတ်ဝေစဉ်ကလှည်းသားငါးရာအမည်ဖြင့်ထုတ်ဝေခဲ့ဖူးသည့်ဝတ္ထုလည်းဖြစ်သည်။အမေရိကန်တိုက်အနောက်ပိုင်း မြေရိုင်းဒေသတွင်းအသစ်ရှာဖွေခြေချကြစအချိန်၊မြေရိုင်းများကိုအပြိုင်အဆိုင်အနိုင်လုကြရင်း ယောကျာ်းပျိုနှစ်ဦးပဋိပက္ခဖြစ်ပွားကြပုံ၊ကျန်မိန်းမပျိုတစ်ဦးကမူကြုံလာသမျှဘေးအန္တရာယ်တို့ကိုအောင်နိုင်စွမ်းသော်လည်း စိတ်စေရာကို မတွန်းလှန်နိုင်ဘဲ အရှုံးပေးခဲ့ကြရှာပုံတို့က ဒီဝတ္ထု၏ အဓိက ဇာတ်ကြောင်းအဖြစ် ပါဝင်ပါသည်။ထိုခေတ် ထိုကာလ ပေါင်းမိုးလှည်းကြမ်းကြီးများ တန်းစီလျက် ဖြတ်သန်းကြရင်း ကပ်ဆိုးဘေးဆိုးတို့နှင့် ရင်ဆိုင်အနိုင်လုရာမှ လူတို့၏ စိတ်သဘောထား ကြီးမြင့်ခြင်းနှင့် သေးသိမ်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ကောက်ကျစ်စဉ်းလဲသောဉာဏ်တို့ အားပြိုင်ကာ စွန့်စားခန်းကြီးတစ်ခုအဖြစ် ထွန်းလင်း တောက်ပနေသော ဂန္ထဝင်ဝတ္ထုကြီးတစ်ပုဒ်ဟု ညွှန်းဆိုကြသော စာအုပ်လည်း ဖြစ်ပါသည်။