- မူလစာမျက်နှာ
- ပစ္စည်းအမျိုးအစားများ
- စာအုပ်နှင့် စာရေးကိရိယာများ
- စာပေနှင့် ဂီတပစ္စည်းများ
- မြန်မာ စာအုပ်များ
- ရသစာပေ
- မိုးမခမြိုင်မှသည် (မောင်သိန်းဆိုင်) (စာရေးသူ မောင်သိန်းဆိုင်)
စာရေးသူ၏ ဝန်ခံချက်အရ Phyllis A.Whitney ၏ Silver Hill ဝတ္ထုအား အကြမ်းဖျင်း မှီငြမ်းထားကြောင်းသိရသည့် ခိုင်ခံ့သော ဇာတ်အိမ်၊ စိတ်လှုပ်ရှားဖွယ် အရေးအဖွဲ့၊ လျှို့ဝှက်သည်းဖို အဖြစ်အပျက် တို့ဖြင့် တန်ဆာဆင်ထားသော ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်ပါသည်။ မိုးမခမြိုင်ဟူသော အိမ်ခြံဝိုင်းကြီးတစ်ခုအတွင်းမှ ဂုဏ်ရှိန်မြင့် မိသားစု တစ်စု၏ အိမ်ထောင်ရေး၊ လူမှုရေး အရှုပ်အရှင်းများအကြား ဇာတ်အိမ် ကို ဖွဲ့တည်ထားသည်။ မိန်းမလိုက်စားသူ မဟုတ်သော်လည်း စန်းပွင့်သူ အနုပညာသည်ဖခင်၊ မိုးမခမြိုင်မှ ဆင်းသက်သော်လည်း မိသားစု၏ သင်္ကေတ 'မြိုင်'ဟူသော အမည်ကို ငြင်းပယ်ခဲ့သူ၊ အဆိုပါ မိုးမခမြိုင်၏ မျိုးဆက် 'အိအိခင်'ကိုမှ စွဲစွဲလမ်းလမ်းရှိရသူ မိုးမခမြိုင်အသိုင်းအဝိုင်းမှ 'မျိုးသိမ်းထွဋ်'၊ သူတို့နှစ်ဦး၏ အနာဂတ်က မိုးမခမြိုင်မှ ဝေးရာဆီ . . ..။ နိုင်ငံတကာတွင် မူရင်းဝတ္ထုက အကြိမ်ကြိမ်ရိုက်နှိပ်ထုတ်ဝေ ရသည်ထိ အောင်မြင်ခဲ့သလို ဆရာမောင်သိန်းဆိုင်၏ ရေးလက်က လည်း စာဖတ်သူကို အစမှ အဆုံးတိုင် ဆွဲခေါ်သွားနိုင်ပါလိမ့်မည်။