text.skipToContent text.skipToNavigation
သတိဖြင့် ငြိမ်းချမ်းခြင်း (မျိုးလွင်) (စာရေးသူ မျိုးလွင်)
သတိဖြင့် ငြိမ်းချမ်းခြင်း (မျိုးလွင်) (စာရေးသူ မျိုးလွင်) ID: cmhl_1000000348807_1
Sold by CMHL
  • သတိဖြင့် ငြိမ်းချမ်းခြင်း (မျိုးလွင်) (စာရေးသူ မျိုးလွင်)
  • သတိဖြင့် ငြိမ်းချမ်းခြင်း (မျိုးလွင်) (စာရေးသူ မျိုးလွင်)
2,500 Ks

1
မြို့နယ် ဖြည့်သွင်းပါ
ဖြည့်သွင်းရန်

အခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာ ခေတ်စားလာတဲ့ သတိအသိရှိခြင်း(Mindfulness)ဆိုတာ ပါဠိစကားလုံး `သတိ´ကဆင်းသက်လာတာဖြစ်ပါတယ်။ နေ့စဥ်ဘဝမှာ သတိအသိနည်းဗျူဟာတွေကို ပုံမှန်လုပ်တဲ့သူတွေဟာ စိတ်တည်ငြိမ်မှု၊ အပန်းပြေမှုပိုရစေပါတယ်။စိတ်အားအင်ပိုပြည့်လာလို့ဘဝမှာ နေရထိုင်ရတာပိုပြီး အားတက်သရောဖြစ်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ကိုယ့်အကြောင်း ကောင်းခြင်းဆိုးခြင်းတွေ သိရှိလက်ခံမှု ပိုများလာပါတယ်။စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျမှု၊စိုးရိမ်ကြောင့်ကြမှု၊နာတာရှည်နာကျင်မှု၊စွဲလမ်းမှု၊ခုခံအားကျဆင်းမှုတွေရဲ့အန္တရာယ်လျော့နည်းစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပိုပြီး ကရုဏာရှိလာပြီး သူများကိုလည်း ပိုပြီးစာနာတတ်လာပါတယ်။ ဒီစာအုပ်မှာ နေ့စဥ် သတိအသိရှိဖို့ဆိုတာဟာ ကျွမ်းကျင်မှုမဟုတ်၊စိတ်ထားတစ်ခုသာဖြစ်ကြောင်း၊ အလေ့အကျင့်လေးပျိုးထောင်ပေးဖို့သာလိုကြောင်း၊ စိတ်ဖိစီးမှုလျော့နည်းပြီး စိတ်ငြိမ်းချမ်းမှုရစေဖို့ တစ်နေ့၅မိနစ်၊၁၀မိနစ်လောက်အချိန်ပေးလေ့ကျင့်နိုင်မယ့်လေ့ကျင့်ခန်းလေးတွေကိုအကြံပြုထားပါတယ်။သွားသတိ၊ စားသတိ၊လမ်းလျှောက်လည်းသတိစတဲ့ သတိဆိုတဲ့ အသိလေးတွေရသလောက် အာရုံပြုပေးခြင်းနည်းကတစ်ဆင့် ဘဝမှာ ပိုပြီးပျော်ရွှင်ချမ်းမြေ့လာစေမယ်ဆိုတာမျှဝေထားပါတယ်။