အင်္ဂလိပ်စကားပြောနှင့် အင်္ဂလိပ်စာလေ့လာရေးနယ်ပယ်တွင် လမ်းညွှန်ပြသမှုများ၊ ဆွေးနွေးပေးမှုများဖြင့် ထင်ရှားလာသူ ဆရာဒေါက်တာစိုးသန်း၏ နောက်ဆုံးထုတ် စာအုပ်ဖြစ်သည်။ ကျောင်းသားလူငယ်များ အင်္ဂလိပ်စာလေ့လာသူများအတွက် အကောင်းဆုံးနည်းလမ်းမှာ လေ့လာသူ၏ အဆင့်အလိုက် အင်္ဂလိပ်စာဖြင့် ရေးသားထားသော ရသပါသည့်စာတိုတိုများကို လေ့လာဖတ်ရှုခြင်းပင် ဖြစ်ကြောင်း စာရေးသူက ပြောသည်။ ထိုသို့ ဖတ်ရှုရာတွင် လွယ်ကူအောင် အတူတကွ လေ့လာဖတ်ပြနေ သကဲ့သို့ရှိအောင်လည်း ဆရာက ကြိုးစားအားထုတ်ပြုစုထားသည်။ အင်္ဂလိပ်စာ၊ မြန်မာစာ နှစ်ဘာသာအပြင် စကားလုံးအသုံးအနှုန်းများ၊ အဓိပ္ပာယ်များ ဖွင့်ဆိုရှင်းပြထားသလို ပြန်လည်လေ့လာခြင်း၊ ကိုယ်တိုင်ဖန်တီးရေးသားခြင်း လေ့ကျင့်ခန်းများ လည်းပါဝင်သည်။