text.skipToContent text.skipToNavigation
ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း (စာရေးသူ နိုင်းနိုင်းစနေ)
ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း (စာရေးသူ နိုင်းနိုင်းစနေ) ID: cmhl_1000000289739_1
Sold by CMHL
  • ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း (စာရေးသူ နိုင်းနိုင်းစနေ)
  • ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း (စာရေးသူ နိုင်းနိုင်းစနေ)
3,000 Ks

1
မြို့နယ် ဖြည့်သွင်းပါ
ဖြည့်သွင်းရန်

စာအုပ်ကောင်းတွေဆိုသည်မှာ လှပတဲ့ အနုပညာအထည်လို့ ပညာရှိသူတို့ရဲ့ အဆိုအမိန့်၊ အတွေ့အကြုံ၊ အကြံအစည်၊တွေးတောမှုတွေကို သိမ်းဆည်းထားတဲ့ အရာများဖြစ်ပါသည်။ စာဖတ်သူတိုင်းက စာအုပ်ထဲကနေ ပညာရှိတို့ရဲ့ ဦးဆောင်မှုကြောင့် အချိန်တိုအတွင်းမှာ ဘဝပေါင်းစုံ ကို ခံစားမိကြပါသည်။ အတွေ့အကြုံရစေပါသည်။ မတူညီတဲ့အတွေးတွေကို ရစေပါသည်။ အဲဒီအပြင် အားပေးမှု၊ နှစ်သက်မှုနှင့်အတူ အခက်အခဲကနေ လွတ်မြောက်စေတဲ့ ကြံစည်မှုတွေရစေပြီး အကောင်းဆုံးလုပ်ဆောင်ချက်တွေကို ရနိုင်ပါသည်ဟု စာရေးဆရာက အမှာစာတွင် ရေးသားထား ပါသည်။ အင်တာနက်ပေါ်မှ စာရေးဆရာဖတ်မိသော ကောင်းနိုးရာရာ စာစုများကို စုစည်းထားခြင်း ဖြစ်ပါသည်။ စာစုပေါင်း ၄၀ပါဝင်ပါသည်။ ဖိအားများလေ ရုန်းကန်ရပြီး ပိုမိုကြံခိုင်သန်မာလာသည်ကို ‘ပဲပင်ပေါက်’ စာစုတွင် ဖတ်ရှုရပါမည်။ လူတိုင်းလူတိုင်းမှာ လုပ်နိုင်တဲ့ စွမ်းအား (Potential) ရှိကြပါသည်။ သူတစ်ပါးထက် ထူးချွန်ချင်ပါသည်။ ဖောက်ထွက်ချင်သည်၊ တီထွင်ချင်သည် ဆိုရုံလောက်ဖြင့် မလုံလောက်သေးပါဘူး။ အစွမ်းကုန်ကြိုးစားဖို့လည်း လိုအပ်သည်ကို ‘တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး’စာစုတွင် ဖတ်ရှုရပါမည်။ ၎င်းတို့အပြင် ‘အကြင်နာအင်အား’၊ ‘မှောက်သွားတဲ့နွားနို့အတွက် ငိုကြွေးမနေပါနဲ့’ ၊ ‘တွင်းပျက်ထဲက နွားအို’၊ ‘ခူ ၅ကောင်ပုံပြင်’ စသည်တို့မှာလည်း စာဖတ်သူတို့အတွက် အသိပညာရစေမည့် စာစုများဖြစ်ပါသဖြင့် စိတ်ခွန်အားကို တိုးမြင့်စေမည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။