text.skipToContent text.skipToNavigation
ပြုံးပြုံးလေးနော် (စာရေးသူ ကြည်မင်းကောင်း)
ပြုံးပြုံးလေးနော် (စာရေးသူ ကြည်မင်းကောင်း) ID: cmhl_1000000349261_1
Sold by CMHL
  • ပြုံးပြုံးလေးနော် (စာရေးသူ ကြည်မင်းကောင်း)
  • ပြုံးပြုံးလေးနော် (စာရေးသူ ကြည်မင်းကောင်း)
3,000 Ks

1
မြို့နယ် ဖြည့်သွင်းပါ
ဖြည့်သွင်းရန်

အပြုံးဆိုတာ ပညာတစ်ခုလို့ပြောရင် ယုံကြမလားတောင် မသိဘူး။ လောကနီတိမှာတောင် ယောက်ျားတွေ တတ်အပ်တဲ့ အတတ်တစ်ဆယ့်ရှစ်ရပ်မှာတောင် ပြုံးရယ်မှု ပါပါတယ်။ ဘယ်လိုလဲဆိုတော့ (ဟာသ) ပြုံးရယ်မှု ပြုံးရယ်အောင် ပြုလုပ်ဖြစ်လို့ပါ။ အပြုံးဆိုတာကို အတတ်ပညာတစ်ခုလိုတောင် သင်ကြား ရတာမျိုး ရှိတတ်လို့ပါ။ ပေါ့ပေါ့တန်တန်ကိစ္စမျိုး မဟုတ်ဘူးနော်။ လေးလေးနက်နက် ကိစ္စတွေမှာတောင် အပြုံးက အရေးကြီးတယ်။ ဟာသပညာတစ်ရပ်အနေနဲ့ ပြောရရင် လူဟာ မိမိကိုယ်တိုင်က ပြုံးရယ်တတ်ကြ ပေမဲ့ သူများကို ပြုံးအောင် ရယ်အောင် လုပ်နိုင်ဖို့ကျတော့ အတော်ခက်ခဲပါတယ်။ ဒါကြောင့် ဟာသ မင်းသားတွေ ပေါ်လာကြတာပါ။ ဟာသကားတွေ လူကြည့်များကြတာပါ။ ပြုံးခြင်းရယ်ခြင်းဟာ လူတစ်ယောက်ရဲ့စိတ်ကို ရွင်လန်းစေပြီး ဘဝရဲ့ ဒုက္ခအမောတွေကို ပြေပျောက်စေပါတယ်။ အပြုံးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေက အမျိုးမျိုး ပြောနေကြတာပါ။ လှောင်ပြုံးတို့ … မဲ့ပြုံးတို့ … မထိ လေးစားပြုံး … မချိတင်ကဲပြုံး … နှစ်လိုဖွယ်ပြုံး … စတဲ့ အပြုံးနဲ့ပတ်သက်တဲ့ အပြုံးတွေကို ပြောရရင်တော့ ပြောမဆုံးပေါင် တောသုံးတောင်ဆိုသလိုပါပဲ။ စာချစ်သူတို့အနေနဲ့လည်း … ငါပျော်လို့ ပြုံးနေတာ မဟုတ်ပေမဲ့ … ငါပျော်အောင် ကြိုးစားပြီး ပြုံးကြည့်လိုက်စမ်းပါ။