text.skipToContent text.skipToNavigation
လီကာရှင်း (စာရေးသူ ဗန်းမော်သိန်းဖေ)
လီကာရှင်း (စာရေးသူ ဗန်းမော်သိန်းဖေ) ID: cmhl_1000000292003_1
Sold by CMHL
  • လီကာရှင်း (စာရေးသူ ဗန်းမော်သိန်းဖေ)
  • လီကာရှင်း (စာရေးသူ ဗန်းမော်သိန်းဖေ)
5,000 Ks

1
မြို့နယ် ဖြည့်သွင်းပါ
ဖြည့်သွင်းရန်

ပဉ္စဂံစာအုပ်တိုက်မှ ဖြန့်ချီသည့် ဆင်းရဲသားလေးဘဝမှ အာရှမှာအချမ်းသာဆုံး ဖြစ်လာသူ ဟောင်ကောင်သူဌေးကြီး လီကာရှင်းစာအုပ်မှာ မူရင်းစာရေးဆရာ Anthony B. Chan ရေးသည့် “Li Ka – Shing- Hong Kon’s Elusive Billionaire” ကို ဆရာဗန်းမော်သိန်းဖေက တိုက်ရိုက်ဘာသာပြန် ခြင်းမျိုးမဟုတ်ဘဲ လီကာရှင်းရဲ့ စီးပွားရေးအတွေးအခေါ်၊ အခွင့်လမ်းရှာဖွေမြင်တတ်ပုံ၊ အမိအရ ဖမ်းဆုပ်ယူတတ်ပုံ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ဖြေရှင်းတတ်ပုံ လီကာရှင်းရဲ့ စီးပွားရေး မဟာဗျူဟာတွေကိုသာ ရေးသားထားသည့် စာအုပ်ဖြစ်ပါသည်။ ၎င်းစာအုပ်ကို ဖတ်ခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်နေကြသူများသည် အတုယူစရာ စီးပွားရေးမဟာဗျူဟာတွေနဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေမှာ စီးပွားရေးအခွင့်အလမ်းကို ဘယ်လိုရှာဖွေနိုင်တယ် ဆိုတာကို သဘောပေါက်နားလည်လာနိုင်ပါသည်။ လီကာရှင်းရဲ့ မှတ်သားဖွယ်ရာ စကားများထဲမှ “ဆင်းရဲလို့စိတ်ဓါတ်မကျပါနဲ့၊ သင့်ကိုယ်ကို Knowledge မှာ အရင်ရင်းနှီးမြှုပ်နှံပါ။ Knowledge ပြည့်စုံသူဟာ ဘယ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့သင့်တယ်၊ မသင့်ဖူးဆိုတာ စိတ်ထဲမှာ အလိုလို သိနေပါသည်။ Knowledge ဆိုတာ ကြီးပွားချမ်းသာဖို့ကို အာမမခံပါဘူး၊ ဒါပေမဲ့ အခွင့်အလမ်းတွေကို မြင်တွေ့ဖို့ တံခါးဖွင့်ပေးပါသည်။ လီကာရှင်းက Knowledge ရဖို့အတွက် စာအုပ်တွေဖတ်ရင်း လေ့လာခဲ့ရပါသည်။ စာဖတ်ခြင်းကြောင့် စီးပွားရေးလုပ်ရာမှာ အောင်မြင်မှုရတယ်ဆိုတာ ယနေ့ ခေတ်မှာ ပိုပြီးထင်ရှားလာပါသည်။ ကြိုးစားအားထုတ်မှုဟာ အခွင့်အလမ်းထက်ပိုပြီး အရေးကြီး ပါသည်။ ကြိုးစားအားထုတ်မှုမရှိရင် ပေးလာတဲ့ အခွင့်အလမ်းကို လက်လွှတ်ဆုံးရှုံးသွားလိမ့်မည်။ စစ်ပြေးဒုက္ခသည် ဆင်းရဲသားလေးတစ်ယောက် ကိုယ့်ကိုကိုယ်အားကိုးပြီး ရိုးရိုးသားသား ဘီလျံနာသူဌေးကြီးဖြစ်အောင် လုပ်နိုင်သေးရင် ကျွန်ုပ်တို့လည်း ကြိုးစားရင်ဘာလို့ မအောင်မြင်ရ မှာလဲဆိုတဲ့ အတွေးပေါ်ပြီး အားကျလာမည်လို့ ယုံကြည်လက်ခံထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။