- အလေးချိန် - ၃၀၀ ဂရမ်
- ထုတ်လုပ်သည့်နိုင်ငံ - မြန်မာ
- ထားသိုပုံအညွှန်း - အေးမြခြောက်သွေ့ပြီး နေရောင်တိုက်ရိုက်မကျရောက်သောနေရာတွင်ထားပါ။
- ပါဝင်ပစ္စည်းများ - ဆီချက်၊ ငံပြာရည်၊ ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲ၊ မန်ကျည်းသီး၊ ငရုတ်သီးမှုန့်။
- စားသုံးပုံအညွှန်း - ပန်းကန်တစ်လုံးတွင် ထမင်းဖြူတစ်ယောက်စား တစ်ပန်းကန်စာထည့်ထားပါ။ အထုပ်အတွင်းတွင်ပါဝင်သော အမယ်များအားလုံးကိုထည့်ပြီး သေချာစွာနယ်ပါ။ အပေါ့အငန် လိုသလိုပြုပြင်ပါ။ မိမိကြိုက်နှစ်သက်ရာ ကြာဇံ၊ ခေါက်ဆွဲ၊ မုန့်ဖတ်၊ အာလူးပြုတ်၊ နံနံပင် စသည်ဖြင့် ကြိုက်နှစ်သက်ရာကိုထည့်ပြီး သုံးဆောင်နိုင်ပါသည်။
- ဓာတ်မတည့်မှုလမ်းညွှန် - ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ပါက စားသုံးရန်မသင့်တော်ပါ။
- ကုန်ပစ္စည်းမိတ်ဆက် - ကြာရှည် အထားခံပြီး သယ်ရလွယ်ကူသော အရွယ်အစားရှိသည့် Top One ရန်ကုန်ထမင်းသုပ်လေးသည် အရသာလည်းအရမ်းကောင်းတဲ့အပြင် သန့်ရှင်းလတ်ဆတ်တဲ့ ပစ္စည်းကောင်းတွေကိုပဲအသုံးပြုထားပေးပါသည်။ တစ်ထုပ်မှာ (၂) ယောက်စာ ပါဝင်ပါပြီး တစ်ယောက်စာ သပ်သပ်စီထည့်ထားပေးသောကြောင့် သိမ်းဆည်းရလွယ်ကူစေပါသည်။ အခန်းတွင်းအပူချိန်တွင် ထားသိုသိမ်းဆည်းနိုင်သော စားသောက်ကုန်ဖြစ်ပြီး ၆လအထိ ထားခံတာကြောင့် နိုင်ငံရပ်ခြားသို့ သယ်ယူချင်သူများအတွက်လည်း အဆင်ပြေ လွယ်ကူစေပါသည်။ လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပါသည်။