- ထုတ်ကုန်ထုထည် - ၆၀၀မီလီလီတာ
- ထုတ်လုပ်သည့်နိုင်ငံ - ထိုင်း
- ထားသိုပုံအညွှန်း - အေး၍ ခြောက်သွေ့သောနေရာတွင်ထားပါ။ နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့သောနေရာတွင်ထားပါ။ ကလေးများနှင့်ဝေးရာတွင်ထားပါ။
- အသုံးပြုပုံအညွှန်း - တံခါးများနဲ့ပြတင်းပေါက်များကိုရှေးဦးစွာပိတ်ထားပေးပါ။ ဆေးဖြန်းမည့်အချိန်မတိုင်ခင် အခန်းထဲတွင်းရှိ လူနှင့် တိရစ္ဆာန်များ အခန်းအပြင်ဘက်ကို ထွက်နေပေးရပါမည်။ ဆေးဖြန်းသူသည် နှာခေါင်းစီးနဲ့လက်အိတ်ကို အသုံးပြုပေးပါ။ ဆေးမဖြန်းခင် ဆေးဘူးကိုပထမဆုံးအနေနဲ့ ကောင်းစွာလှုပ်ပေးရပါမည်။ ပျံသန်းနေသောအင်းဆက်များအတွက် မိမိပက်ဖြန်းမည့်ဧရိယာတစ်ခုလုံးကို ၁၅မိနစ်ခန့်အကြာ လေထဲသို့ ပက်ဖြန်းပေးပါ။ ပြီးနောက် အခန်းထဲကထွက်ပြီး အခန်းတံခါးကို ၁၅မိနစ်ခန့်လောက် ပိတ်ထားပေးပါ။ အခန်းထဲကိုပြန်မဝင်ခင် လေဝင်လေထွက်ကောင်းအောင် ထားပေးရပါမည်။ တွားသွားသောအင်းဆက်များအတွက် မျက်နှာပြင်၊ အက်ကွဲကြောင်း၊ အင်းဆက်ပေါက်တွင်းထားသောလမ်းကြောင်းများကို ပက်ဖြန်းပေးရမည်။ ပိုးမွှားများပေါ်တွင်ပက်ဖြန်းပေးပါက ပိုမိုကောင်းမွန်ပါသည်။ မီးဖိုချောင်(သို့မဟုတ်) အစားအသောက်စက်ရုံများတွင်အသုံးပြုပါက အစားအစာများကို သေချာဖုံးအုပ်ပေးရပါမည်။ ဆေးများကိုပက်ဖြန်းပြီးနောက် အစားအစာမပြုလုပ်မီ အသုံးပြုမည့်မျက်နှာပြင်ကို သေချာစွာသန့်ရှင်းပြီးမှ စတင်အသုံးပြုသင့်ပါသည်။ အစားအသောက်များပေါ်တွင် ဤဆေးရည်ကိုမပက်ဖြန်းရပါ။ နောက်ဆုံးမှာတော့ ၎င်းပစ္စည်းများနှင့် ဆက်စပ်သောနေရာအားလုံးသန့်ရှင်းပြီး ခြင်နှင့်အင်းဆက်ပိုးမွှားများရန်မှ ကင်းဝေးစေမှာဖြစ်ပါသည်။
- ကုန်ပစ္စည်းမိတ်ဆက် - ခြင်နှင့် ယင်ကောင်၊ ပိုးဟပ်၊ ပိုးမွှားများ၊ ပုရွက်ဆိတ်နှင့် တွားသွားတိရစ္ဆာန်များကို အထိရောက်ဆုံးကာကွယ်နှိမ်နင်းပေးပါသည်။