- Country of Origin : Myanmar
- Description :
12.Aquamarine ခေါ် အဏ္ဏဝါမြပြာ
အာပေါ ဓာတ်
Aquamarine ကို အဏ္ဏဝါပင် လယ် နှင့် ဆက်စပ်နေသည့် ကျောက်အဖြစ် ရှေးအခါကတည်းက ယုံကြကြသည်။ ပင်လယ်ကမ်းခြေတွင် သွားရောက်အနားယူသည့်အလား ကိုယ်ရော စိတ်ပါ အပန်းပြေပြီး ရင်တွင်းသောကအပူများ တခဏအတွင်း ငြိမ်းအေးသွားစေနိုင်သည်။ ထို့ကြောင့် မိမိ၏ တစ်နေ့တာ လုပ်ငန်းခွင်တွင် အာရုံ စူးစိုက်မှု အပြည့်အဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် အားပြန်ဖြည့်သကဲ့သို့ပင် ဖြစ်သည်။ ရိုးရှင်း ရိုးသားသော လူနေမှု ဘဝကို မြတ်နိုးကာ ဘဝင်မြင့် မောက်မာလိုသည့် စိတ်ကို တားဆီးပေးသည်။ လူ့အလွှာပေါင်းစုံမှာ အလှ တရားကို မြင်တတ်စေသဖြင့် အောင်မြင်သော လူမှုဆက်ဆံရေးကို တည်ဆောက်နိုင်သည်။ ကိုယ်ခန္ဓာအတွင်း နှင့် အပြင်တို့တွင် ဖြစ်တတ်သော ဓာတ်မတည့်မှုများ၊ အသားအရေ ပြဿနာများ၊ Autoimmune ရောဂါများ၊ လည်ပင်း၊ အစာအိမ်၊ ဆီးနှင့် ကျောက်ကပ် အပြင် သိုင်းရွိုက် နှင့် ဂလင်းတို့ နှင့် ဆက်စပ်သည့် ဝေဒနာများကိုလည်း ကုစားပေးနိုင်သည်။
မှတ်ချက်။
- အဏ္ဏဝါ မြပြာ Crystal Water ကို ညဘက်တွင် လ ရောင်၏ စွမ်းအားကို ခံယူ အားဖြည့်ကာ သောက်သုံးပေးရပါမည်။
- ရေမသောက်ခင်တိုင်း ကျေးဇူးတင်စိတ်၊ မေတ္တာစိတ် တို့ဖြင့် သောက်သုံးပေးရပါမည်။ မိမိ နှင့် သက်ဆိုင်ရာ ဘုရားစာများ ကို စိတ်မှ ရွတ်ဆို၍လည်း သောက်သုံးနိုင်ပါသည်။
- ရေပုလင်းကို မသင့်တော်သော နေရာများတွင် မထားပဲ သန့်ရှင်းသော နေရာများတွင်သာ ထားရှိပေးသင့်ပါသည်။
Maybelline Super Stay Matte Ink Liquid Lipstick 5ML (25 Heroine)
40.0 Gram
56,500 Ks
ရောင်းချသူ CMHL

