- Country of Origin : Myanmar
- Description :
10.Green Aventurine (အစိမ်းရောင် အဗန်တူရင်းကျောက်)
ဝါယော ဓာတ်
Green Aventurine (အစိမ်းရောင် အဗန်တူရင်း) ကျောက်သည် မည်သည့်အခြေအနေတွင်မဆို မိမိ စိတ်ကို အပြုသဘောဆောင်စေရန် လှုံ့ဆော်ပေးနိုင်သည်။ ထို့ပြင် စိတ်လက်ပေါ့ပါးစွာ အနားယူနိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ကျောက်ဖြစ်သည်။ အနားယူသည့် အချိန်တွင် မိမိ စိတ် နှင့် ကိုယ်ခန္ဓာကို အားအင် ပြန်လည်ပြည့်ဝစေနိုင်ပြီး နှလုံးသွေးကြောများ၌ သွေးလည်ပတ်မှုကို ကောင်းမွန်စေသည်။ နှလုံးသွေးကြော ကျဉ်းခြင်းမှာ ကာကွယ်နိုင်ပြီး စိတ်ဖိစီးမှုကို အရှင်း လျှော့ချပေးနိုင်သည်။ ထို့ကြောင့် လူကြီးများသာမက ငယ်ရွယ်သူများ Stress ကြောင့် ရတတ်သော Heart Attack မျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ ညဘက် အိပ်မပျော်တတ်ခြင်းကို ကုသပေးနိုင်ပြီး စိတ်လက်ပေ့ါပါးစွာ အိပ်မောကျစေသော ကြောင့် အိပ်စက်နေစဉ် မိမိ ခန္ဓာကိုယ်တွင်း အသစ်တဖန် အားဖြည့် တည်ဆောက်ခြင်းကို အထောက်အကူပြုသည်။
နာကျင်ကိုက်ခဲခြင်းများ နှင့် အရေပြားများ ကွဲအက်ခြင်း၊ ယားယံခြင်း၊ အနာများ ပိုးဝင် ယောင်ယမ်းခြင်း တို့ကိုလည်း သက်သာ ပျောက်ကင်းစေနိုင်သည်။
မှတ်ချက်။
- Green Aventurine Crystal Water ကို မနက်ခင်း အစောပိုင်း ၏ နေရောင်ခြည်ကို ခံယူ အားဖြည့်ခြင်းဖြင့် သောက်သုံးသင့်ပါသည်။
- ရေမသောက်ခင်တိုင်း ကျေးဇူးတင်စိတ်၊ မေတ္တာစိတ် တို့ဖြင့် သောက်သုံးပေးရပါမည်။ မိမိ နှင့် သက်ဆိုင်ရာ ဘုရားစာများ ကို စိတ်မှ ရွတ်ဆို၍လည်း သောက်သုံးနိုင်ပါသည်။
- ရေပုလင်းကို မသင့်တော်သော နေရာများတွင် မထားပဲ သန့်ရှင်းသော နေရာများတွင်သာ ထားရှိပေးသင့်ပါသည်။
Maybelline Super Stay Matte Ink Liquid Lipstick 5ML (335 Hustler)
40.0 Gram
56,500 Ks
ရောင်းချသူ CMHL

