- အလေးချိန် - ၆၀ဂရမ်
- ထုတ်လုပ်သည့်နိုင်ငံ - ထိုင်း
- ထားသိုပုံအညွှန်း - အေး၍ခြောက်သွေ့သော နေရာတွင်ထားပါ။ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သော နေရာတွင် မထားပါနှင့်။ ကလေးများ လက်လှမ်းမမီနိုင်သော နေရာတွင်ထားပါ။
- အသုံးပြုပုံအညွှန်း - ပလပ်စတစ်အဖုံးကို ဖြုတ်ပြီး ဗူးအဖုံးကိုဖွင့်ပါ။ ကြိုးဝိုင်းကို အပေါ်သို့ဆွဲတင်ပြီး ဖြည်းညှင်းစွာ နောက်ပြန်ဆွဲပါ။ ထို့နောက် ပလပ်စတစ်အဖုံးကိုပိတ်ပါ။ ရနံ့ထွက်ပေါက်၏ အရွယ်အစားကို လိုသလို ချိန်ညှိ အသုံးပြုနိုင်ပါသည်။
- အသိပေးချက် - ဗူးကို အချိန်တိုင်း မတ်၍ထားပါ။ စားသုံးရန် မဟုတ်ပါ။ မျက်လုံးနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
- ကုန်ပစ္စည်းမိတ်ဆက် - မွှေးရနံ့ကို အဆက်မပြတ် ပျံ့နှံ့စေသော Air Freshener Gel ဖြစ်ပါသည်။ သဘာဝပင်လယ်ရေမှော်ဓာတ်များဖြင့် ပြုလုပ်ထားသည့် သန့်စင်သော ဂျယ်လီသည် ရနံ့ကို ညီညာစွာ ပျံ့နှံ့စေပါသည်။ အန္တရာယ်ကင်းပြီး ဓါတုဗေဒပစ္စည်းများ ကင်းစင်ပါသည်။