- မူလစာမျက်နှာ
- ပစ္စည်းအမျိုးအစားများ
- အိမ်အသုံးအဆောင်ပစ္စည်းများ
- မီးဖိုချောင်သုံးပစ္စည်းများ
- ထမင်းဘူး နှင့် ရေဗူး
- ရေဘူးများ
- Carnelian Orange red Single010
- Country of Origin : Myanmar
- Description :
- Carnelian
တေဇောဓာတ်
ကာနီလီယန် (Carnelian) ကျောက်သည် လိမ္မော်နီရောင်ရှိတဲ့ သလင်း အုပ်စု (Quartz) အမျိုးနွယ် Chalcedony (ကယ်လဲဆဲ-ဒနီ) ကျောက်မျက်အမျိုးအစားဖြစ်ပါသည်။ Carnelian ကျောက်ဟာ Sacral Chakraကို ညီညွတ်မျှတအောင် ကုစားရန်အတွက် အင်မတန်အရေးပါသော ကျောက်ပါသည်။
ကာနီလီယန်ကျောက်သည် စိတ်အားတက်ကြွမှု နှင့် ဇွဲလုံ့လ ဝီရိယ တို့ကို ကိုယ်စားပြုသော ကျောက်ဖြစ်ပြီး ကမ္ဘာတလွှားတွင် လူကြိုက်များ ရေပန်းစားတဲ့ ကျောက်မျက်အမျိုးအစား ဖြစ်ပါသည်။
Carnelian ကျောက်ဟာဆိုရင် ဆောင်ယူဝတ်ဆင်သူကို သတ္တိ နှင့် ပြည့်စုံစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများ တိုးတက်စေခြင်း၊ တေဇာဓာတ်ညီညွတ်မျှတစေခြင်း၊ စစ်မက်တိုက်ပွဲများသာမက ဘဝတိုက်ပွဲများအတွက် အောင်မြင်မှုကို ပါ ဆောင်ကြဉ်းပေးနိုင်ခြင်း စတဲ့ အစွမ်းအာနိသင်တွေကို ရရှိစေပါတယ်။
တီထွင်ဖန်တီးဆန်းသစ်နိုင်ခြင်း၊ စိတ်ခံစားချက်များကို ကောင်းစွာ ဖော်ထုတ်နိုင်ခြင်း၊ ဇွဲလုံ့လ ကြီးမားခြင်း၊ လွယ်လင့်တကူ အရှုံးမပေးခြင်း၊ မိမိကိုယ်ကိုမိမိ Confidence အပြည့်ရှိခြင်း၊ ရဲရင့်ပြတ်သားခြင်း၊ အပြောင်းအလဲများကို လက်ခံနိုင်ခြင်း၊ ကျန်းမာရေး ကောင်းမွန်ပြီး ကာမစွမ်းအားကောင်းမွန်ခြင်း၊ မျိုးပွားနိုင်ခြင်း၊ အမျိုးသမီးများလည်း သန္ဓေအောင်ခြင်း စသည့် အိမ်ထောင်ရေးသုခနှင့်ပြည့်စုံခြင်း အကျိုးများကို ခံစားရမည်ဖြစ်ပါသည်။ စိတ်အားငယ်၊ စိတ်ဓာတ်ကျခြင်း ဝေဒနာများကိုလည်း ကုစားပေးနိုင်ပါသည်။
လေးဖက်နာရောဂါကဲ့သို့ အဆစ်အမြစ်နှင့် ပတ်သတ်သော ဝေဒနာများ၊ သားသမီးမရနိုင်ခြင်း၊ အမျိုးသမီးများ သွေးသားဟော်မုန်းပြဿနာများ၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ဝေဒနာများ၊ ကာမ စိတ်ဆန္ဒကုန်ခမ်းခြင်း သို့ ကာမကျူးခြင်း၊ အဝလွန်ခြင်း၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာများအား စွဲလန်းခြင်း အစရှိသည့် ကျန်းမာရေး၊ လူမှုရေး ပြဿနာများ၊ ဝေဒနာများကို ကုစားရန်အတွက် ကာနီလီယန်ကျောက်ရဲ့ စွမ်းအင်များကို အသုံးချကာ ကုစားနိုင်ပါသည်။
မှတ်ချက်
-Carnelian Crystal Water ကို နံနက်ခင်း အစောပိုင်း၏ နေရောင်ကိုခံယူပြီး နေစွမ်းအင်ဖြင့်အားဖြည့်ကာ သောက်သုံးပေးသင့်ပါသည်။
-ရေမသောက်ခင်တိုင်း ကျေးဇူးတင်စိတ်၊ မေတ္တာစိတ်တို့ဖြင့် သောင်သုံးပေးရပါမည်။ မိမိနှင့်သက်ဆိုင်ရာ ဘုရားစာများကို စိတ်မှ ရွတ်ဆို၍လည်း သောက်သုံးနိုင်ပါသည်။
-ရေပုလင်းကို မသင့်တော်သောနေရာများတွင်မထားဘဲ သန့်ရှင်းသောနေရာများတွင်သာ ထားရှိပေးသင့်ပါသည်။
Samsung 75 Inches QLED Smart 4K TV QA75Q65CAKXMR (2023 Series)
6,592,000 Ks
ရောင်းချသူ Samsung Electronic
