- Country of Origin : Myanmar
- Description :
5.CITRINE (သလင်းဝါ)
တေဇောဓာတ်
Citrine ခေါ် သလင်းဝါ ၏ အဝါရောင် အလင်းတန်း သည် နေမင်း၏ အလင်းရောင်ကဲ့သို့ပင် ပျော်ရွှင်လန်းဆန်းတက်ကြွစေသော စိတ်ခွန်အားကို ပေးနိုင်ပြီး စိတ်ကျခြင်း Depression ဝင်ခြင်းမှ ကာကွယ်နိုင်သည်။ မိမိ ကိုယ်ကိုမိမိ ယုံကြည်ချက်ခိုင်မာပြီး အောင်မြင်မှု ပန်းတိုင်သို့ ရောက်စေနိုင်သည့် အရည်အချင်းတို့ကို မွေးမြူစေနိုင်သည်။ ဘဝကို ပြည့်ဝ ပျော်ရွှင်စွာ ဖြင့် ရှင်သန် နေထိုင်တတ်သည့် စိတ်စွမ်းအားကို လှုံ့ဆော်ပေးသည်။ အပြောင်းအလဲကို နှစ်သက်ပြီး အပြောင်းအလဲမှ ရလာသည့် စိန်ခေါ်မှု အသစ်များကို မှန်ကန်စွာ ကိုင်တွယ် ဖြေရှင်းတတ်စေသည်။
စိတ်ကူးစိတ်သမ်း ကောင်းမွန်ပြီး လမ်းသစ်ထွင် လုပ်ကိုင်တတ်ခြင်းကို အားပေးသည်။ အစာချေစနစ်၊ အစာအိမ်၊ သရက်ရွက်၊ ပန်ကရိရက်စ် တို့ကို အားဖြည့်ပေးပြီး အထူးသဖြင့် ဆီးနှင့် ကျောက်ကပ်ကို အကျိုးပြုသည်။ သွေးကို သန့်စေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေသည်။
မှတ်ချက်။
- Citrine Crystal Water ကို နံနက်ခင်း အစောပိုင်း၏ နေရောင်ကို ခံယူပြီး နေစွမ်းအင်ဖြင့် အားဖြည့်ကာ သောက်သုံးပေးသင့်ပါသည်။
- ရေမသောက်ခင်တိုင်း ကျေးဇူးတင်စိတ်၊ မေတ္တာစိတ် တို့ဖြင့် သောက်သုံးပေးရပါမည်။ မိမိ နှင့် သက်ဆိုင်ရာ ဘုရားစာများ ကို စိတ်မှ ရွတ်ဆို၍လည်း သောက်သုံးနိုင်ပါသည်။
- ရေပုလင်းကို မသင့်တော်သော နေရာများတွင် မထားပဲ သန့်ရှင်းသော နေရာများတွင်သာ ထားရှိပေးသင့်ပါသည်။
Lovely Baby Baby Diaper (New Born-5KG) 12PCS
6,240 Ks
ရောင်းချသူ MOMO International Trading Co., Ltd.
