- Country of Origin : Myanmar
- Description :
6.CLEAR QUARTZ
ဝါယောဓာတ်
Crystal Clear ဟု တင်စားပြောဆိုကြသကဲ့သို့ သလင်းကြည်ခေါ် Clear Quartz သည် စိတ်ကို ရှင်းလင်း ကြည်လင်စေသည်။ မိမိ ရည်မှန်းချက်၊ မိမိ ပန်းတိုင်ကို သေချာ ထင်ရှားစွာ သိပြီး လမ်းကြောင်းမချော်အောင် ထိန်းကျောင်းနိုင်သည်။ သောကအပူများ မည်မျှပင်ရှိစေကာမူ မိမိ စိတ်ကို အေးချမ်းအောင် ထိန်းထားနိုင်သည်။ စိတ်၏ အညစ်အထေးများကို တရားထိုင်ရင်း ရှင်းထုတ်ရန် အတွက် များစွာ အထောက်အကူပြုသော ကျောက်ဖြစ်သည်။ သွေးသား ဟိုမုန်းများကို ညီညွတ်စေသည်။ ဦးနောက်နှင့် အာရုံကြောများကို လန်းဆန်းစေသည်။ ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ထိန်းညှိပေးပြီး အရေပြား၊ ဆံပင်၊ လက်သည်း အစရှိသည်တို့ကို ကျန်းမာ သန်စွမ်းစေသည်။ ဓာတ်ကြီးလေးပါးစလုံးကို မျှတ ညီညွတ်စေခြင်းမှာ သလင်းကြည်ကျောက်၏ ထူး ခြားချက်ပင် ဖြစ်သည်
မှတ်ချက်။
- Clear Quartz Crystal Water ကို နံနက်ခင်း အစောပိုင်း၏ နေရောင်ကို ခံယူပြီး နေစွမ်းအင်ဖြင့် အားဖြည့်ကာ သောက်သုံးပေးသင့်ပါသည်။
- ရေမသောက်ခင်တိုင်း ကျေးဇူးတင်စိတ်၊ မေတ္တာစိတ် တို့ဖြင့် သောက်သုံးပေးရပါမည်။ မိမိ နှင့် သက်ဆိုင်ရာ ဘုရားစာများ ကို စိတ်မှ ရွတ်ဆို၍လည်း သောက်သုံးနိုင်ပါသည်။
- ရေပုလင်းကို မသင့်တော်သော နေရာများတွင် မထားပဲ သန့်ရှင်းသော နေရာများတွင်သာ ထားရှိပေးသင့်ပါသည်။
Search Cocomelon Nice
Wilmax 5IN, 12.5CM, 11FL OZ, 320ML Soup Cup with Lid (3PCS) WL - 991137
46,200 Ks
ရောင်းချသူ New World Mart
