- Country of Origin : Myanmar
- Description :
15.Moonstone (စန္ဒာကျောက်)
ဝါယော ဓာတ် နှင့် အာပေါဓာတ်
Moonstone ခေါ် စန္ဒာကျောက်သည် အေးမြသည့် ဓာတ်ကို ပေးပြီး အလွန်ရှေးကျသော စိတ်ပိုင်းဆိုင်ရာ ကုထုံးများနှင့် အထူး ဆက်နွယ်နေသည့် ကျောက်မျိုးဖြစ်သည်။ မိခင်လောင်း များ အတွက် သားဖွားရာတွင် လွယ်ကူစေပြီး မီးဖွားပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ အင်အားပြန်ပြည့်စေရန်အတွက်လည်း များစွာ အကျိုးကျေးဇူးပြုသည်။ ဆယ်ကျောက်သက်အရွယ်များတွင် ဟော်မုန်းဓာတ်များ ပြောင်းလဲ ခြင်းကြောင့် ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အဆင့်ဆင့်တွင်လည်း ကုထုံးတစ်ရပ်အနေဖြင့် အသုံးပြုနိုင်သည်။ အမျိုးသမီးများ လစဉ် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် စိတ်ခံစားချက်များ ပြင်းထန်တတ်ခြင်းကို လည်း သက်သာစေပြီး တည်ငြိမ်အေးချမ်းသော စိတ်ကို ဖြစ်ပေါ်စေနိုင်သည်။ အလားတူပင် သွေးဆုံးချိန် ၌ အမျိုးသမီးများ ခံစားရလေ့ ရှိသည့် စိတ်ကျခြင်း ဝေဒနာများကို လည်း လျော့နည်း သက်သာစေပါသည်။
မှတ်ချက်။
- Moonstone Crystal Water ကို ဆန်းသစ်လ နှင့် လပြည့်ည များတွင် လရောင်၏ စွမ်းအင်ကို ရယူ အားဖြည့်ပြီး သောက်သုံးသင့်ပါသည်။
- ရေမသောက်ခင်တိုင်း ကျေးဇူးတင်စိတ်၊ မေတ္တာစိတ် တို့ဖြင့် သောက်သုံးပေးရပါမည်။ မိမိ နှင့် သက်ဆိုင်ရာ ဘုရားစာများ ကို စိတ်မှ ရွတ်ဆို၍လည်း သောက်သုံးနိုင်ပါသည်။
- ရေပုလင်းကို မသင့်တော်သော နေရာများတွင် မထားပဲ သန့်ရှင်းသော နေရာများတွင်သာ ထားရှိပေးသင့်ပါသည်။
Apoil AP X-Super Diesel Turbo 20W50 CF-4 Diesel Engine Oil 4LTR Gray
110,000 Ks
ရောင်းချသူ Myanmar Tharawun
